Skip to main content



 

Fujifilm Mirrorless Camera Shutter Speed Dial. အပေါ်က " X "အမှတ်အသားလေးအကြောင်း

 Fujifim X camera တွေရဲ့ X-DNA တစ်ခုဖြစ်တဲ့ Shutter Speed dial အပေါ်က X ဆိုတဲ့အမှတ်အသားလေးတွေဟာ သာမန် Flash မီးတွေ ၊ Studio မီးတွေ သုံးတဲ့အခါ Flash Sync. ရနိုင်တဲ့ Shutter speed ကိုဆိုလိုချင်တာဖြစ်ပါတယ်။

ဥပမာ 180 ဘေးမှာ X လို့တွေ့တယ်ဆိုရင် Mechanical Shutter 1/180 အထိ Flash Sync. ဖြစ်မှာဖြစ်ပြီး Shutter Speed 1/180 ထက်ကျော်ရင် Flash Sync. ဖြစ်မှာမဟုတ်တော့ပဲ ပုံက တစ်ခြမ်းမဲသွားတာမျိုးဖြစ်သွားနိုင်ပါတယ်။ထို့အတူ 250X ဆိုရင်လည်း Shutter Speed 1/250 အထိ Flash Sync. ဖြစ်တယ်လို့ဆိုလိုချင်တာပါ။

တစ်ချို့ X Camera တွေရဲ့ Shutter Speed Dial မှာတော့ X အမှတ်အသားလေးကိုတွေ့ရမှာမဟုတ်ပါဘူး။အထူးသဖြင့် 100 series camera တွေဖြစ်တဲ့ X100,X100S,X100T,X100F,X100V နဲ့ X100Vi camera တွေမှာဖြစ်ပါတယ်။အဲ့ဒီ Camera တွေမှာတော့ Mechanical Shutter Speed 1/4000 ရရင် 1/4000 အထိ Flash Sync. ဖြစ်နေမှာပါ။

ဒါဟာဘာကြောင့်လဲဆိုတော့ အသုံးပြုထားတဲ့​ Shutter ​ကြောင့်ဖြစ်ပါတယ်။

Fujifilm ရဲ့ Focal Plane အသုံးပြုထားတဲ့ Shutter စံနစ်နဲ့ Camera တွေမှာတော့ Mechanical Shutter Speed ဟာ 1/180 (or) 1/250 အထိ သာမာန် Flash တွေနဲ့ Flash Sync. ဖြစ်ပြီး Leaf Shutter ကိုအသုံးပြုထားတဲ့ X100 series camera တွေမှာတော့ Mechanical Shutter Speed ရနိုင်သလောက် High speed 1/4000 အထိ Flash Sync. ဖြစ်နေမှာဖြစ်ပါတယ်။အဲ့ဒီလို High Shutter Speed ရှိသလောက်အထိ Flash Sync. ဖြစ်တဲ့ Camera ဖြစ်တဲ့အတွက်ကြောင့် Shutter Speed dial အပေါ်မှာ X ဆိုတာလေးကိုဖော်ပြမထားတာဖြစ်ပါတယ်။


ဒါဆိုရင်တော့ Fujifilm ရဲ့ X Camera တွေရဲ့ Shutter Speed Dial အပေါ်က X အမှတ်အသားလေးရဲ့အဓိပ္ပါယ် ဆိုလိုချင်တာလေးကိုနားလည်အသုံးချနိုင်သွားမယ့်အပြင် တစ်ချို့ X Camera လေးတွေရဲ့ Shutter Speed Dial မှာဘာကြောင့် X ဆိုတဲ့အမှတ်အသားမပါဝင်တာလဲဆိုတာသိသွားလောက်ပြီလို့ထင်ပါတယ်ခင်ဗျာ..


#KoNayWinCameraServices

Ph:+959 950 312 988
Viber:09 767 285 381

The X-marks on the shutter speed dial, which is an X-DNA of Fujifim X cameras, are normal flash lights. Flash Sync when using studio lights. It means the available shutter speed.

For example, if you see X next to 180, Flash Sync up to Mechanical Shutter 1/180. If the shutter speed is over 1/180, Flash Sync. If it doesn't happen anymore, the image may become half black. Similarly, if it is 250X, the shutter speed will be up to 1/250 Flash Sync. I mean it is.

You will not see the small X mark on the shutter speed dial of some X cameras. Especially the 100 series cameras such as X100, X100S, X100T, X100F, X100V and X100Vi cameras. In those cameras, if the mechanical shutter speed is 1/4000, flash sync up to 1/4000. It will be.
This is because of the shutter used.
In Fujifilm's Focal Plane shutter system and cameras, the mechanical shutter speed is up to 1/180 (or) 1/250 with normal flash and Flash Sync. And in the X100 series cameras that use leaf shutter, flash sync up to 1/4000 as high speed as mechanical shutter speed. As long as there is such a high shutter speed, Flash Sync. Since it is a camera, there is no X on the shutter speed dial. 

Comments

Popular posts from this blog

အရင်ကဆို Fujifilm X Mount အတွက် Auto Focus lens ဆိုတာ Fujinon lens ကလွဲလို့မရှိသလောက်ပါပဲ။Fuji မဟုတ်တာ ဆိုလို့ Zeiss တစ်မျိုးပဲ အချိန်ကာလ တစ်ခုကြာ ရှိခဲ့တာပါ။Viltrox AF 85mm f1.8 for Fujifilm X Mount ထွက်လာပြီးတဲ့နောက်ပိုင်း‌မှာတော့ X user တွေအတွက် ရွေးချယ်စရာ အမှတ်တံဆိပ်မျိုးစုံ Focal length အမျိုးစုံစွာ ရှိလာခဲ့ပါတယ်။ Viltrox AF 56mm f1.4 lens ကတော့ ရိုက်လို့လည်းကောင်း Service လုပ်ရတာလည်းအဆင်ပြေတဲ့ Lens လေး တစ်ခုပါပဲ . . . . . ❤️ In the past, there was almost no auto focus lens for Fujifilm X Mount except Fujinon lens. Since it was not Fuji, there was only Zeiss for a long time. After the release of Viltrox AF 85mm f1.8 for Fujifilm X Mount, X users have a variety of brands and focal lengths to choose from. The Viltrox AF 56mm f1.4 lens is a lens that is convenient for both shooting and servicing . . . . .  Ko Nay Win Camera Services Ph: 01-824 9026        09767285381         09950312988 (Monday to Saturday 9Am - 5Pm ) No.189, ပထမထပ် ,...
Knowledge Share @002 Fujifilm X100 series camera လေးတွေဖြစ်တဲ့  X100S,T,F,V,Vi အခေါ်အဝေါ်လေးတွေအကြောင်းနဲ့ စိတ်ဝင်စားစရာ အချက်(5)ချက် ဒီနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ Fujifilm X series camera တွေရဲ့ အောင်မြင်မှုအစလို့ပြောလို့ရမယ့် Camera ကတော့ X100 camera ပဲဖြစ်ပါတယ်။ X100S X100 ရဲ့ successor အဖြစ် ထုတ်လုပ်ခဲ့တဲ့ X100S ကတော့ Second generation ဖြစ်လို့ S ကိုယူပြီး X100S လို့အမည်ပေးခဲ့ပါတယ်။ X100T Third Generation ကိုတော့ တတိယမျိုးဆက်အဖြစ် X100T လို့အမည်ပေးခဲ့ပါတယ်။ X100F  Fourth Generation အဖြစ် X100F လို့ အမည်ပေးထုတ်လုပ်ခဲ့ပါတယ်။ X100V X100 ရဲ့ မျိုးဆက်ငါးဆက်မြောက်အဖြစ်ကိုတော့ ရောမဂဏာန်း 5 ဖြစ်တဲ့ V ကို ယူပြီး X100V လို့အမည်ပေးခဲ့ပါတယ်။ဒါပေမယ့် အသံထွက်ကိုတော့ Fifth လို့မခေါ်ပဲ English Alphabet V အတီုင်းပဲ ဗွီ လို့ပဲ့အသံထွက်ခေါ်ဆိုကြပါတယ်။ X100Vi အခုနောက်ဆုံးထွက်ထားတဲ့ X100 series ရဲ့6 လုံးမြောက် Camera ကိုတော့ ရောမဂဏာန်း Vi ဖြစ်တဲ့ Vi ကိုယူပြီး X100Vi လို့အမည်ပေးပြီး X Hundred Sixth လို့အသံထွက်ခေါ်ဆိုကြပါတယ်။ X100 Camera တွေမှာ စိတ်ဝင်စားစရာအများကြီးရှိပြီးတော့ ကျနော်သတိထားမိတဲ့အချ...