Skip to main content


Knowledge Share @002

Fujifilm X100 series camera လေးတွေဖြစ်တဲ့  X100S,T,F,V,Vi အခေါ်အဝေါ်လေးတွေအကြောင်းနဲ့ စိတ်ဝင်စားစရာ အချက်(5)ချက်

ဒီနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ Fujifilm X series camera တွေရဲ့ အောင်မြင်မှုအစလို့ပြောလို့ရမယ့် Camera ကတော့ X100 camera ပဲဖြစ်ပါတယ်။

X100S
X100 ရဲ့ successor အဖြစ် ထုတ်လုပ်ခဲ့တဲ့ X100S ကတော့ Second generation ဖြစ်လို့ S ကိုယူပြီး X100S လို့အမည်ပေးခဲ့ပါတယ်။

X100T
Third Generation ကိုတော့ တတိယမျိုးဆက်အဖြစ် X100T လို့အမည်ပေးခဲ့ပါတယ်။

X100F 
Fourth Generation အဖြစ် X100F လို့ အမည်ပေးထုတ်လုပ်ခဲ့ပါတယ်။

X100V
X100 ရဲ့ မျိုးဆက်ငါးဆက်မြောက်အဖြစ်ကိုတော့ ရောမဂဏာန်း 5 ဖြစ်တဲ့ V ကို ယူပြီး X100V လို့အမည်ပေးခဲ့ပါတယ်။ဒါပေမယ့် အသံထွက်ကိုတော့ Fifth လို့မခေါ်ပဲ English Alphabet V အတီုင်းပဲ ဗွီ လို့ပဲ့အသံထွက်ခေါ်ဆိုကြပါတယ်။

X100Vi
အခုနောက်ဆုံးထွက်ထားတဲ့ X100 series ရဲ့6 လုံးမြောက် Camera ကိုတော့ ရောမဂဏာန်း Vi ဖြစ်တဲ့ Vi ကိုယူပြီး X100Vi လို့အမည်ပေးပြီး X Hundred Sixth လို့အသံထွက်ခေါ်ဆိုကြပါတယ်။

X100 Camera တွေမှာ စိတ်ဝင်စားစရာအများကြီးရှိပြီးတော့ ကျနော်သတိထားမိတဲ့အချက်(5)ချက်ကတော့

1)Shutter Count တွေကို In Camera ထဲမှာပဲ စစ်ဆေးသိရှိနိုင်ပါတယ်။ 
နောက်ပြီး သုံးထားတဲ့ Shutter က leaf shutter ဖြစ်လို့ Mechanical Shutter ရသလောက် Flash Sync. ဖြစ်နေတာပါ။

2)Build in ND Filter ပါဝင်ပါတယ်။
Exposure တွေကို ချပြီးရိုက်ကူးနိုင်ဖို့အတွက် Camera ထဲမှာပဲ Build in ND Filter ထည့်သွင်းပေးထားတာပါ။

3)ထွက်ပြီးခဲ့သမျှ X100 series  Camera အားလုံးက Classic focal length ဖြစ်တဲ့ 23mm နဲ့ Aperture f2 ဖြစ်ကြတာပါ။
23mm f2 Version:1 Lens ကိုတော့ X100,X100S,X100T,X100F Camera 4 လုံးမှာ အတူတူအသုံးပြုထားကြပြီး။
23mm f2 Version:2 Lens ကိုတော့ X100V နဲ့ X100Vi မှာ အတူတူအသုံးပြုထားကြပါတယ်။Megapixel မြင့်မားတဲ့ Sensor တွေအတွက် အရည်အသွေးပိုမိုကောင်းမွန်တဲ့ Version 2 Lens အသုံးပြုထားတဲ့ X100V နဲ့ X100Vi Camera တွေဟာ ရာသီဥတုဒဏ်ခံနိုင်တဲ့ Weather Seal တွေပါဝင်ကြပါတယ်။ Adapter နဲ့ Filter တော့ Lens အရှေ့မှာတပ်ထားဖို့တော့လိုပါတယ်။မဟုတ်ရင် 100% WR မဖြစ်ပါဘူး။

4)View Finder က Optical VF နဲ့ Electronic VF ကို အဆင်ပြေသလိုအသုံးပြုနိုင်တဲ့ Hybrid System ဖြစ်ပါတယ်။ပထမဆုံး X100 ဟာ OVF နဲ့ EVF ကို Highbrid System အဖြစ်ထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး Camera လို့ဆိုပါတယ်။

5)X100 Series camera တွေကို Special / Limited edition အမျိုးမျိုးနဲ့လည်းအထူးထုတ်လုပ်ပေးလေ့ရှိပါတယ်။ပထမဆုံး X100 ကို Black Special Edition ကနေစပြီး အခုနောက်ဆုံး X100Vi မှာလည်း Fujifilm 90th anniversary အဖြစ် စတင်တည်ထောင်တဲ့ ခုနှစ် 1934 ကိုအစွဲပြုပြီး Limited edition camera ကို အလုံးရေ 1934 လုံးထုတ်လုပ်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်း အဲ့ဒီ Limited edition 1934 လုံးထဲက တချို့ကံကောင်းကြသူတွေပိုင်ဆိုင်ထားနိုင်ကြမယ်လို့ထင်မိပါတယ်ခင်ဗျာ။

Fujifilm 
Knowledge Share
KoNayWin Camera Services


(5) interesting facts about Fujifilm X100 series cameras such as X100S, T, F, V, Vi

The camera that can be said to be the beginning of the success of the Fujifilm X series cameras seen today is the X100 camera.
X100S
X100S, which was produced as the successor of X100, is the second generation, so it took the S and named it X100S.
X100T
The third generation was named X100T as the third generation.
X100F 
It was produced under the name X100F as the fourth generation.
X100V
The fifth generation of X100 was named X100V after taking the Roman numeral 5. However, the pronunciation is not called Fifth, but the English Alphabet V is pronounced V.

X100 Camera has a lot of interesting things and I noticed (5) things

1) Shutter Count can be checked in the In Camera. 
In addition, the shutter used is a leaf shutter, so Flash Sync is as good as a mechanical shutter. happening.

2) Build in ND Filter included.
A built in ND filter is installed in the camera in order to reduce the exposure.

3) All X100 series cameras that have been released are classic focal length of 23mm and aperture f2.
The 23mm f2 Version:1 lens is used in the same 4 cameras X100, X100S, X100T, X100F.
The 23mm f2 Version: 2 lens is the same as the X100V and X100Vi. The X100V and X100Vi cameras, which use the better quality version 2 lens for high megapixel sensors, include a Weather Seal that can withstand the weather. The adapter and filter must be attached to the front of the lens. Otherwise, it will not be 100% WR.

4) View Finder is a hybrid system that can conveniently use optical VF and electronic VF. The first X100 is said to be the world's first camera that produced OVF and EVF as a hybrid system.
5) X100 Series cameras are also produced in various special / limited editions. The first X100 was the Black Special Edition, and now the X100Vi is named after Fujifilm's 90th anniversary in 1934, and 1934 limited edition cameras were produced.

naywinaungxps@gmail.com

Comments

Popular posts from this blog

အရင်ကဆို Fujifilm X Mount အတွက် Auto Focus lens ဆိုတာ Fujinon lens ကလွဲလို့မရှိသလောက်ပါပဲ။Fuji မဟုတ်တာ ဆိုလို့ Zeiss တစ်မျိုးပဲ အချိန်ကာလ တစ်ခုကြာ ရှိခဲ့တာပါ။Viltrox AF 85mm f1.8 for Fujifilm X Mount ထွက်လာပြီးတဲ့နောက်ပိုင်း‌မှာတော့ X user တွေအတွက် ရွေးချယ်စရာ အမှတ်တံဆိပ်မျိုးစုံ Focal length အမျိုးစုံစွာ ရှိလာခဲ့ပါတယ်။ Viltrox AF 56mm f1.4 lens ကတော့ ရိုက်လို့လည်းကောင်း Service လုပ်ရတာလည်းအဆင်ပြေတဲ့ Lens လေး တစ်ခုပါပဲ . . . . . ❤️ In the past, there was almost no auto focus lens for Fujifilm X Mount except Fujinon lens. Since it was not Fuji, there was only Zeiss for a long time. After the release of Viltrox AF 85mm f1.8 for Fujifilm X Mount, X users have a variety of brands and focal lengths to choose from. The Viltrox AF 56mm f1.4 lens is a lens that is convenient for both shooting and servicing . . . . .  Ko Nay Win Camera Services Ph: 01-824 9026        09767285381         09950312988 (Monday to Saturday 9Am - 5Pm ) No.189, ပထမထပ် ,...
Canon, Sony, Fuji တို့ရဲ့ Pro level camera တွေမှာ သုံးထားတဲ့ Card Holder အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။Camera brand တွေကွဲသွားကြပေမယ့် ဒီ Card holder ကိုတော့  Canon DSLR 90D ကနေ Mirrorless  R,RP,R8,R5,R6,... Sony A7iii,A7Riii,A7C,A7iV-Slot2,... Fuji Pro3,H1,T2,3,.. စသဖြင့် Ultra High Speed UHS-ii ရတဲ့ Camera တွေမှာအတူတူသုံးကြတာတွေ့ရပါတယ်။ ကျနော်တို့ဟာ Camera တစ်ခုထွက်လာရင် Specification တွေကိုအလေးထား ကြည့်လေ့ရှိကြပေမယ့် တစ်ကယ်တမ်း UHS-ii နဲ့စမ်းသပ်ပြီးထုတ်ပြန်ထားတဲ့ Camera တစ်လုံးကိုဝယ်ယူပြီးတာတောင် တစ်ကယ်တမ်းရော Camera တစ်လုံးဆီကနေ Performance အပြည့်အဝပြန်ရယူဖို့အတွက် UHS-ii card နဲ့ရိုက်ဖြစ်ရဲ့လားမသေခြာပါဘူး။ ဒါပေမယ့် UHS-1 နဲ့ ရိုက်သည်ဖြစ်စေ UHS-2 နဲ့ရိုက်သည်ဖြစ်စေ Card ထည့်ပြီးရိုက်တော့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ Memory Card လေးတွကိုကောင်းမကောင်းအရင်စစ်ဆေးပြီးမှ Camera ထဲနည်းလမ်းမှန်မှန်နဲ့ထည့်သွင်းအသုံးပြုတာကပိုအရေးကြီးပါတယ်။ Camera တွေ DSLR ကနေ Mirrorless era ရောက်လာပေမယ့်လည်း Card ပြောင်းပြန်ထည့်မိတာ/Card ကိုသတိမထားပဲထည့်မိလို့ Card အကျိုးစလေးတွေ Card Holder ထဲကျိုးကျန်ပြီး ...